ကာနမြို့/မှ မင်္ဂလာဆောင်ပွဲ
2
သုံးရက်မြောက်သော နေ့/တွင် ဂါလိလဲပြည်၊ ကာနမြို့/၌ မင်္ဂလာဆောင်ပွဲ/တစ်ခု ကျင်းပလေ၏။ ယေရှု/၏/မယ်တော်/သည် ထို/ပွဲ/၌ ရှိ၏။ 2 ယေရှု/နှင့် တပည့်တော်တို့/သည်လည်း မင်္ဂလာပွဲ/သို့ ဖိတ်ကြားခြင်း/ခံရကြ၏။ 3 ပွဲကျင်းပ/စဉ်/အတွင်း စပျစ်ဝိုင်/ကုန်သွား/သဖြင့် ယေရှု/၏/မယ်တော်/က “သူတို့/၌ စပျစ်ဝိုင်/မရှိတော့ပါ” ဟု ကိုယ်တော်/အား ပြောလေ၏။
4 ယေရှု/က “မယ်တော်a… မည်သည့်/အရာ လုပ်ဆောင်/ရမည်/ကို ကျွန်ုပ်/အား မပြောပါနှင့်။ ကျွန်ုပ် လုပ်ဆောင်/ရန် အချိန်/မကျသေးပါ” ဟု မိန့်တော်မူ၏။
5 ထိုအခါ မယ်တော်/က အစေခံများ/အား “သူ/စေခိုင်း/သမျှ/ကို လုပ်ဆောင်ကြပါ” ဟု မှာထား၏။
6 ထို/နေရာ/၌ ဂျူးဘာသာဝင်တို့/ဓလေ့ထုံးတမ်း/အရ ဆေးကြောသန့်စင်ခြင်း/ကို/ပြုလုပ်/ရန် ထားသော ဂါလန်/နှစ်ဆယ်၊ သို့မဟုတ် သုံးဆယ်b/စီ ဝင်ဆံ့သည့် ကျောက်ရေအိုး/ခြောက်လုံး/ရှိ၏။ 7 ယေရှု/က “ဤ/အိုးများ/ကို ရေဖြည့်ကြလော့” ဟု အစေခံတို့/အား မိန့်တော်မူ၏။ ထိုအခါ သူတို့/သည် လျှံကျ/မတတ်/ဖြည့်ကြ၏။ 8 ရေပြည့်/သောအခါ ယေရှု/က “အနည်းငယ်/ကို ခပ်ယူ/၍ ပွဲအုပ်/ထံသို့ ယူသွားကြလော့” ဟု မိန့်တော်မူ၏။ သူတို့/သည်လည်း ပွဲအုပ်/ထံသို့ ယူသွားကြ၏။
9 ပွဲအုပ်/သည် စပျစ်ဝိုင်/အဖြစ်/ပြောင်းလဲသွားသော ရေ/ကို မြည်းစမ်းကြည့်၏။ အစေခံများ/သည် စပျစ်ဝိုင်/ကို အဘယ်/မှ/ရကြောင်း သိကြ/သော်လည်း ပွဲအုပ်/သည် မသိ။ ထို့ကြောင့် သူ/သည် သတို့သား/ကို ခေါ်/၍ 10 “လူတိုင်း/သည် ကောင်းသော/စပျစ်ဝိုင်/ဖြင့် ဦးစွာ/ဧည့်ခံ/ပြီး လူတို့/သောက်/၍ ယစ်မူး/သောအခါ/၌သာ အရည်အသွေး/ညံ့သော စပျစ်ဝိုင်/ဖြင့် ဧည့်ခံလေ့ရှိ၏။ သင်/ကမူ ကောင်းသော/စပျစ်ဝိုင်/ကို ယခု/ထိတိုင် သိမ်းထားပါပြီ” ဟု ဆို၏။
11 ဤသို့ဖြင့် ယေရှု/သည် ပထမဦးဆုံးသော/နိမိတ်/လက္ခဏာ/ကို ဂါလိလဲပြည်၊ ကာနမြို့/၌ ပြုတော်မူ/လျက် မိမိ/ဘုန်းတော်/ကို ဖော်ပြတော်မူ၏။ တပည့်တော်တို့/သည်လည်း ကိုယ်တော်/ကို ယုံကြည်ကြ၏။
12 ထို့နောက် ကိုယ်တော်/သည် မယ်တော်၊ ညီတော်များ၊ တပည့်တော်များ/နှင့်အတူ ကပေရနောင်မြို့/သို့ ကြွ/၍ ရက်/အနည်းငယ် နေတော်မူ၏။
ဗိမာန်တော်/ကို ရှင်းလင်းတော်မူခြင်း
13 ဂျူးလူမျိုးတို့/၏ ပသခါပွဲတော် နီးလာ/သဖြင့် ယေရှု/သည် ဂျေရုဆလင်မြို့/သို့ ကြွတော်မူ၏။ 14 ဗိမာန်တော်ဝင်း/အတွင်း/၌ ဈေးသည်များ/က ယဇ်ပူဇော်/ရန်အတွက် သိုး၊ နွား၊ ချိုးငှက်များ ရောင်းဝယ်/လျက်/ရှိသည်/ကို/လည်းကောင်း၊ ငွေ/လဲလှယ်သူတို့ ထိုင်/လျက်/ရှိသည်/ကို/လည်းကောင်း မြင်တော်မူ၏။ 15 ထိုအခါ ယေရှု/သည် ကြိုး/ဖြင့် ကျာပွတ်/တစ်ချောင်း/ကို ပြုလုပ်/၍ ထို/သူတို့/ကို/လည်းကောင်း၊ သိုး၊ နွားများ/ကို/လည်းကောင်း ဗိမာန်တော် အတွင်း/မှ မောင်းထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့/၏ ငွေများ/ကိုလည်း သွန်ချ/၍ ငွေတင်ခုံများ/ကို မှောက်လှန်တော်မူ၏။ 16 ယေရှု/က ချိုးငှက်/ရောင်းသူတို့/အား “ဤ/အရာများ/ကို ယူသွားကြ။ ငါ့/အဖ/အိမ်တော်/ကို ဈေး/မဖြစ်စေနှင့်” ဟု မိန့်တော်မူ၏။
17 ထိုအခါ တပည့်တော်တို့/သည် “ဘုရားသခင်/၏ အိမ်တော်/ကို စွဲလမ်းစိတ်/ပြင်းပြခြင်း/သည် အကျွန်ုပ်/ကို လောင်ကျွမ်းစေပါ/လိမ့်မည်”c ဟူသော ကျမ်းစကား/ကို သတိရကြ၏။
18 ဂျူး/ခေါင်းဆောင်တို့/က “ဤ/အခွင့်/ကို ဘုရားသခင်/ထံမှ ရသည်/မှန်/လျှင် မည်သည့်/နိမိတ်/လက္ခဏာ/အားဖြင့် ငါတို့/အား သက်သေပြမည်နည်း” ဟု ဆိုကြ၏။
19 ယေရှု/က “ဤ/ဗိမာန်တော်/ကို ဖြိုဖျက်လော့။ သုံးရက်/အတွင်း ငါ/ပြန်လည်/တည်ဆောက်မည်” ဟု မိန့်တော်မူ၏။
20 ထိုအခါ ဂျူး/ခေါင်းဆောင်တို့/က “ဤ/ဗိမာန်တော်/ကို နှစ်ပေါင်း/လေးဆယ့်ခြောက်နှစ်/ပတ်လုံး တည်ဆောက်ခဲ့ရ၏။ သင်/သည် သုံးရက်/အတွင်း တည်ဆောက်မည်လော” ဟု ဆိုကြ၏။ 21 သို့ရာတွင် ကိုယ်တော်/သည် မိမိ/ကိုယ်ခန္ဓာ/ဖြစ်သည့် ဗိမာန်/ကို ရည်ညွှန်း/၍ မိန့်တော်မူခြင်း/ဖြစ်၏။ 22 ထို့ကြောင့် သေခြင်း/မှ ရှင်ပြန်/ထမြောက်တော်မူ/ပြီးနောက် တပည့်တော်တို့/သည် ထို/စကားတော်/ကို သတိရကြ/၍ ကျမ်းစာတော်/နှင့် ယေရှု/မိန့်တော်မူခဲ့သည့် စကားတော်တို့/ကို ယုံကြည်ကြ၏။
23 ဂျေရုဆလင်မြို့ ပသခါပွဲတော်/အတွင်း ကိုယ်တော်/ပြုတော်မူသော နိမိတ်/လက္ခဏာများ/ကို မြင်တွေ့/သောကြောင့် လူများစွာတို့/သည် ကိုယ်တော်/ကို ယုံကြည်လာကြ၏။ 24 သို့သော် ယေရှု/သည် လူ့/သဘောသဘာဝ/ကို သိတော်မူ/သဖြင့် ထို/သူတို့/ကို ယုံကြည်/စိတ်ချတော်မမူပေ။ 25 ထိုသို့ လူ့/အတွင်းသဘော/ကို သိတော်မူ/သောကြောင့် ကိုယ်တော်/အား လူ့/အကြောင်း/ကို မည်သူ/ကမျှ ပြောပြ/ရန် မလိုပေ။